ကိုဗစ်နှင့် ဖြည့်စွက်စာများ

      ကိုဗစ်ဖြစ်တာခုဆိုမြန်မာပြည်မှာ လူပေါင်း၅၀၀၀ကျော်ရှိသွားပြီ။ ပြန်ကောင်းတဲ့သူလည်းရှိသလို ကိုဗစ်ကြောင့်အသက်ဆုံးပါးသွားတဲ့လူနာတွေလည်းရှိပါတယ်။ ဒီကြားထဲကိုဗစ်ကိုအကြောင်းပြပြီး ပြည်သူလူထုအပေါ်ကိုအမြတ်ထုတ်ချင်နေတဲ့ လူတွေလည်းရှိပါတယ်။ မကြာသေးခင်က facebook ပေါ်မှာကိုဗစ်ကာကွယ်ဆေး၊ ဒီဆေးတွေသောက်ရင်ကိုဗစ်ကိုကာကွယ်နိုင်တယ်စသဖြင့်ရေးသားပြောဆိုမှုတွေရှိလာတာကိုတွေ့ရတယ်။ အထူးသဖြင့် supplements လို့ခေါ်တဲ့ ဖြည့်စွက်စာတွေကိုသောက်ထားရင်ကိုဗစ်ကိုကာကွယ်နိုင်တယ်ဆိုပြီးပြောဆိုနေကြတာတွေ့ရတော့ သတိလက်လွတ်မဖြစ်စေချင်လို့ဒီစာကိုရေးရခြင်းဖြစ်တယ်။ လူပြောများနေတဲ့ supplements တွေနဲ့ကိုဗစ်ကဘယ်လိုဆက်စပ်မှုရှိလည်းဆိုတာ ဆက်ကြည့်ရအောင်။ Zinc(ဇင့်ဓါတ်)    Zinc ဆိုတာ သတ္တုဓါတ်တစ်မျိုးပါ။ လူ့ကိုယ်ခန္ဓာမှာ အရေးကြီးတဲ့သက်စောင့်ဓါတ်တစ်မျိုးထဲမှာပါပါတယ်။ အသား၊ ပင်လယ်စာ၊ ဥအမျိုးမျိုးနဲ့ ကောက်နှံတွေကိုနေ့စဥ်စားသုံးပေးရင်တစ်နေ့တာအတွက်လုံလောက်တဲ့ပမာဏကိုရရှိနိုင်ပါတယ်။ zinc ကိုနေ့စဥ် 8-11mg လောက်ပဲကိုယ်ခန္ဓာကလိုအပ်ပါတယ်။ Zinc ဟာ လူ့ကိုယ်ခံအားအတွက်လိုအပ်တဲ့သွေးဆဲလ်တွေကိုထုတ်လုပ်ရာမှာလိုအပ်ပါတယ်။ ပြီးတော့ zinc ကိုကလေးတွေဝမ်းပျက်ဝမ်းလျောတာ၊ အမျိုးသားတွေသုတ်ထုတ်လုပ်မှုပိုအားကောင်းအောင်ကုသရာမှာလည်းသုံးပါသေးတယ်။ ဒီလိုအရေးပါတဲ့ ဇင့်ဓါတ်ကို ကိုဗစ်ကုသရာမှာအသုံးဝင်နိုင်သလားဆိုတာ အတိအကျမပြောနိုင်သေးပဲ ထည့်သွင်းစဥ်းစားနေကြစဲဖြစ်ပါတယ်။ Vitamin C(ဗီတာမင်စီ)    လူတိုင်းရင်းနီးပြီးသားသက်စောင့်ဓါတ်တစ်မျိုးပါ။ အရည်ရွှမ်းပြီးအချဥ်ဓါတ်ပါတဲ့အသီးအနှံတွေကနေရရှိနိုင်ပါတယ်။ ဗီတာမင်စီကို တစ်နေ့Continue reading “ကိုဗစ်နှင့် ဖြည့်စွက်စာများ”

Featured Post

အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်နာမည် ဒေါက်တာစောဒယ်နီလင်းပါ။ ဒီဘလော့က ကျွန်တော့်ရဲ့ personal and health blog ဖြစ်ပါတယ်။ ဒီဘလော့မှာ မြန်မာလူမျိုးများသိသင့်တဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆောင်းပါးများအပြင် ကျွန်တော့်ရဲ့ အတွေးအမြင်စာစုများကိုရေးသားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဆောင်းပါးတွေကို ဒီဘလော့မှာအရင်ဆုံးတင်ပေးမှာဖြစ်ပြီး facebook page ဖြစ်တဲ့ https://www.facebook.com/drdanny2017 ကနေလည်းဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ကျွန်တော်ရေးတဲ့ စာစုလေးတွေက မိတ်ဆွေတို့အတွက် အကျိုးတစ်ခုခုရသွားတယ်ဆိုရင် ဆောင်းပါးများကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်။ မျှဝေတဲ့အခါမှာလည်း မူရင်းပို့စ်ကို ခရက်ဒစ်ပေးပြီးမှ မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။ မိတ်ဆွေတို့ရဲ့ Like နဲ့ comment တွေက ကျွန်တော့်အတွက်ရှေ့ဆက်ဖို့ တွန်းအားတစ်ခုဆိုလည်း မမှားပါဘူး။မိမိရဲ့အကျိုးစီးပွားတစ်စုံတစ်ရာအတွက် ကျွန်တော်ရေးသားထားတဲ့ ဆောင်းပါးတွေ စာစုတွေကို အသုံးပြုချင်တယ်ဆိုရင် ဖေ့စ်ဘုတ်ပေ့ ဒါမှမဟုတ်lynnmedico20@gmail.com ကနေတဆင့်ဆက်သွယ်ကာ ခွင့်ပြုချက်တောင်းယူပြီး အသုံးပြုလို့ရပါတယ်။ ဒေါက်တာလင်း အထွေထွေရောဂါကုဆရာဝန်

Introduce Yourself (Example Post)

This is an example post, originally published as part of Blogging University. Enroll in one of our ten programs, and start your blog right. You’re going to publish a post today. Don’t worry about how your blog looks. Don’t worry if you haven’t given it a name yet, or you’re feeling overwhelmed. Just click theContinue reading “Introduce Yourself (Example Post)”

Create your own website, free on WordPress.com.Create your own website.
Start free